Saturday 13 October 2012

သူငယ်ချင်း

ဆွံ့အတဲ့ စကားလုံးတွေနဲ့
ဖွင့်ဟဖို့ ခက်နေတဲ့ ငါ့ အဖြစ်က
ငြိမ်သက်စွာ ရပ်နေတဲ့
ကျောက်ရုပ်လေး တစ်ရုပ်လိုပဲ
တစ်နေ့တော့ ဒီတိုင်းလေးကျန်ခဲ့မှာ
ငါကိုယ်တိုင်လဲ ကြိုသိနေတယ်
အရိပ်လို တွယ်နေမယ့်အစား
တိတ်ဆိတ်စွာနဲ့
ဝေးဝေးမှာပဲ နေလိုက်မယ်
သူငယ်ချင်းဆိုတဲ့ စည်းက
ငါတို့ နှစ်ယောက်အတွက်
အနီးဆုံး မျဉ်းပြိုင်နှစ်ကြောင်းလိုပဲ
နီးရက် နဲ့ ဝေးရမှာပါ...
 

No comments: