Monday 24 September 2012

သို့

ကောင်မလေးရေ
ထီးနန်းနဲ့ မစံမြန်းလို့
ဘယ်သူမှ ဦးမခိုက်လဲ
ငါ မင်းရှေ့မှာဒူးထောက်လို့
မော်ဖူးခွင့်တော့ ပေးသနားပါ...
ထားရာနေ စေရာသွား
ငါ့ဘဝက စစ်သည်လေးမို့
အာဏာ သုံးပြီး 
အဝေးသို့မနှင်လိုက်ပါနဲ့
ငါက ကျရူံးဖူးတဲ့ စစ်သည်လေးပါ....
အချစ်အတွက်နဲ့ အသက်ပါစတေးရဲလို့
မင်းအနားက တစ်ဖဝါးမှမခွာတဲ့
ကိုယ်ရံတော်လေးအဖြစ်
အသက်သွင်းပေးပါနော်....

ကြယ်လေး ငါ ဖြစ်ချင်တယ်

ကြယ်တစ်စင်း နေမင်းရဲ့ အလင်းရောင်
မှောင်မိုက်သော ညအလယ်
လမင်းက မသာလဲ
ကြယ်အလင်းနဲ့သာ လမ်းလျှောက်ချင်သူ...
မာနမပါတဲ့ ပန်းချီကားကို
ကြယ်ထောင့်လေးနဲ့ ငါရေးဆွဲမယ် 
ရိုက်သံကင်းတဲ့ အိမ်လေးတစ်လုံး
ငါ ဖန်ဆင်းမယ်
ပျံ့ကြဲနေတဲ့ ကြယ်တွေစုပြီး 
မျက်နှာကျက်မှာ ငါဖြည့်ဆွက်မယ်....
 အစွန်းအထင်းမခံတဲ့ အဖြူရောင်လို
သံသယမရှိတဲ့ မျက်ဝန်းနဲ့သာ
ကြည့်ပါချစ်သူ
မင်းအတွက်ဆို မှောင်မိုက်တဲ့ညအလယ်က
 တောက်ပတဲ့ ကြယ်လေးတစ်ပွင့်ပဲ
ငါဖြစ်ချင်တယ် ..

Friday 7 September 2012

ဝိဥာည်ခြွေတဲ့ အနမ်း

ကောင်မလေးရေ...
ပန်းလေးတစ်ပွင့် ငါ နမ်းရိုက်မိတယ်
သင်းပျံ့တဲ့ မွေးရနံ နဲ့တူ
ရင်ထဲထိတိုင် အေးချမ်းခဲ့မယ်..

ကောင်မလေးရေ...
ဆူးများတဲ့ ပန်းနှင်းဆီကို
ခူးဆွက်ရု် ငါ နမ်းရိုက်မိတယ်
မာနခဲလေး ပန်းနှင်းဆီက
အနမ်းအတွက်
ဆူးဒဏ်လေး ခက်လိုက်တယ်..

ကောင်မလေးရေ...
အချစ်တစ်ခု ငါဖန်ဆင်းခဲ့တယ်
ဆွဲယူပြီး ငါ နမ်းရိုက်မိတော့
ငါ့ ဝိဥာည် လေး လွင့်ကြွေသွားတယ်..
နှလုံးသားကို ငါမေးကြည့်တော့
အချစ်ကို နမ်းရိုက်မိရင်
ဝိဥာည် ပါ လွင့်ကြွေတက်တယ်တဲ့..
 
ကောင်မလေးရေ...
ငါမသိခဲ့လိုက်ပါဘူး......
အချစ်မှာ...
ဝိဥာည်ခြွေတဲ့ အနမ်းတစ်ပွင့်
ရှိခဲ့မှန်းကိုပေါ့.....