Monday 24 September 2012

ကြယ်လေး ငါ ဖြစ်ချင်တယ်

ကြယ်တစ်စင်း နေမင်းရဲ့ အလင်းရောင်
မှောင်မိုက်သော ညအလယ်
လမင်းက မသာလဲ
ကြယ်အလင်းနဲ့သာ လမ်းလျှောက်ချင်သူ...
မာနမပါတဲ့ ပန်းချီကားကို
ကြယ်ထောင့်လေးနဲ့ ငါရေးဆွဲမယ် 
ရိုက်သံကင်းတဲ့ အိမ်လေးတစ်လုံး
ငါ ဖန်ဆင်းမယ်
ပျံ့ကြဲနေတဲ့ ကြယ်တွေစုပြီး 
မျက်နှာကျက်မှာ ငါဖြည့်ဆွက်မယ်....
 အစွန်းအထင်းမခံတဲ့ အဖြူရောင်လို
သံသယမရှိတဲ့ မျက်ဝန်းနဲ့သာ
ကြည့်ပါချစ်သူ
မင်းအတွက်ဆို မှောင်မိုက်တဲ့ညအလယ်က
 တောက်ပတဲ့ ကြယ်လေးတစ်ပွင့်ပဲ
ငါဖြစ်ချင်တယ် ..

No comments: