Saturday 13 October 2012

ပြည်တော်ပြန်ခရီး

မမြင်တာ ကြာခဲ့လို့
အမြင်တွေလဲ စိမ်းမှာ မဟုတ်ဘူး

ရင်ခွင်တကာမှာလဲ
ခိုဝင်ကာ မငေးခဲ့ဘူး

ခိုင်မြဲတဲ့ အချစ်တို့က
ဝေးခြင်း နီးခြင်း သင်္ခါရ ကြားထဲ
ဘယ်တော့မှ မနစ်မြုပ်ဘူး

ဖြတ်မရတဲ့ နှောင်ကြိုးတွေက
နှလုံးသားမှာ အထပ်ထပ်လေး ရစ်ပတ်နေတော့

ခွဲခွာခြင်းတွေ အဆုံးသက်လို့
လွမ်းရက်တွေ ခြွေချမယ်
အိမ်မရတဲ့ ညတွေဖြတ်
ချစ်သောသူ ရင်မှာထွေးပွေ့လို့
အလွမ်းအတွက် အနမ်းတွေ အစားထိုးမယ့်
``ပြည်တော်ပြန်ခရီး``

1 comment:

Anonymous said...

ကြောက်စရာကြီး အလွမ်းတွေ နေရာမှာ အနမ်းတွေ အစားထိုးမယ်ဆိုပဲ ကောင်းကင်မ