Wednesday 29 August 2012

အလွမ်း

ရင်နင့်အောင် ခံစားရသည်
ချစ်သူရဲ့ အဝေးမှာ
အနာဂတ်အတွက်ခြေစုံပစ်လို့
ကျွန်ဘဝနဲ့ ငါနေရသည်..
ဟန်ဆောင်မျက်လုံး
အပြုံး မျက်နှာဖုံးကို
အလွမ်းမျက်နှာပေါ်မှာ ငါတပ်ဆင်ထားတယ်..
လှမ်းကြည့်လို့ ပြုံးနေတယ်ထင်ရင်
ရင်ထဲထိတိုင် မင်းဝင်ကြည့်ပါ
အလွမ်းဒဏ်က နှိပ်စက်လို့
ငါ ကိုယ်တိုင်လဲ နွမ်းလျှနေပြီ...
မျက်လုံးမှိတ်လို့ 
ငါအိပ်စက်တိုင်း မင်းနဲ့ဆုံဆည်းရရင်
မနိုးသော အိပ်ခြင်းနဲ့ ငါအိပ်စက်လိုက်မယ်..
အချစ်သခင်
အလွမ်းဖြေဆေးပေးသနားပါ
အလွမ်းထဲမှာ ငါတစ်ယောက်
နစ်မွန်းလို့ 
ခေါင်းငိုက်စိုက်လဲ ကျနေပြီ...

နှလုံးသားအကွဲလေး

အိမ်မက်တွေ ကွယ်ပျောက်လို့
မျှော်လင့်ချက်တွေ ဆိတ်သုဉ်းသွားခဲ့ရင်တောင်
ချစ်သောသူ အပြုံး 
တစ်သက်လုံး သိမ်းခွင့်ပြုပါ ...
ရရှိခဲ့သော ချစ်သူအနမ်း 
ပြန်လည်ရု် တဖန်တွေးတိုင်း
ပါးပြင်တဝှိက်
နွေးထွေးဆဲပါ....
ဆုပ်ကိုင်ဖူးသော ချစ်သူလက်လေး
နူးညံ့မူ့တွေနဲ့
ချစ်သူမရှိတော့ ကိုယ့် လက်လေး 
ယောင်ချာချာနဲ့ 
လက်လွှဲရမှာတောင် ရှက်ရွံ့နေမိတယ်..
ငါ့ နှလုံးသား မမာကျောပါဘူး
မင်း တိုက်လို့ ကျကွဲသွားပြီလေ..
နှလုံးသားအကွဲလေး
မင်း ကောက်ယူပြီး ဆက်ကြည့်ပါ
နှလုံးသားပေါ်က မင်းပုံရိပ်လဲ
အပိုင်း ပိုင်းလေးဖြစ်နေမှာပါ......


Monday 27 August 2012

အချစ် နဲ့ အမုန်း

အချစ်ဆိုတာ .....

သာယာတဲ့ နံနက်ခင်းရဲ့ 
လေပြေတေးသွားငယ်လေး.....
နူးညံ့တဲ့ လမင်းရဲ့ 
ရင်ခွင်ထဲက နွေးထွေးမူ့......
အပြာရောင်ကောင်းကင်ကြီးရဲ့
လှပတဲ့ သက်တန့်ငယ်လေး....
လိပ်ပြာလေး ပျော်မြူးတဲ့
ရောင်စုံ ပန်းခင်းလေး.....

ဒါဆို အမုန်းဆိုတာက....

အချစ်ရဲ့ နောက်ကွယ်က 
ထပ်ချပ်မကွာ လိုက်ပါနေတဲ့
အရိပ်လို အကောင်...
မထင်မှတ်တဲ့ ထောင့်တစ်နေရာက
 ဝင်ရောက်လာတဲ့ 
အေးချမ်းမူ့နောက်ကွယ်က 
မုန်တိုင်းငယ်တွေလေ....
 

အမုန်းစူးတဲ့ နှလုံးသား

နှုတ်မဆက်ပါနဲ့ ချစ်သူ 
ရုတ်တရက် သာ မင်းထွက်သွားပါ 
အပြုံးတစ်ချက် နဲ့ ရက်စက်ခဲ့လို့
နှလုံးထက်ရဲ့ မျက်နှာပြင်မှာ
အမုန်းဆူးတွေ စူးဝင်နေပြီလေ.....

ဗလာဆိုတဲ့ ငါလိုကောင်မှာ
အထာဆိုတာလဲ မရှိခဲ့ဘူး
ကံတရားရဲ့ စေညွှန်းရာကိုသာ
လိုက်လံရု် ကပြခဲ့သူ
ပြန်လည် ဆန်းစစ်ကြည့်မှ
ပါးပြင်ထက်မှာ မျက်ရည်မြစ်နဲ့
အမုန်းဆူးတဲ့ နှလုံးသားငယ်တောင်
ချစ်သူသွားရာ သို့
ပါသွားခဲ့ပြီလေ.........

Thursday 9 August 2012

တမ်းတခြင်း

Blogger တစ်ယောက်တော့မဟုတ်ဘူး 
ဒါပေမယ့် 
အော် တာတွေတော့ရှိခဲ့ဘူးတယ် ....
Boder တွေက သရော်တာတွေလဲ
ရှိခဲ့ဘူးတယ် ........
ပျော်စရာများတဲ့ လောကကြီးထဲ 
တစ်ယောက်ထဲ အထီးကျန်တဲ့အခါ 
Bingo ကစားကြည့်တယ် 
အဟက်
မဆိုးပါဘူး စိတ်ထဲတော့ သက်သာမိတယ်...
Big Bad သီချင်းဖွင့်ပြီး 
အော်ဟစ်မိတဲ့အခါ 
အတိတ်က အကြောင်းတွေ သတိရမိတယ် ....
Bunny Phyo သီချင်းထဲက 
အလွမ်းပြေ အနမ်းတဲ့
ငါ့ အတွက်တော့ 
အချစ်ဆိုတဲ့ ပင်လယ်ပြင်ကြီးထဲမှာ 
အနမ်း သက်သက် နဲ့
အလွမ်း ခါးခါး တွေကြားထဲ 
Baby မင်းမပါပဲ 
ငါ တစ်ယောက်ထဲ ကူးခက်နေမိတယ် ....
 Believe ငါယုံကြည်တယ်
သို့ပေမယ့် 
စိုးစိတ်က တိုးတိုး တိတ်တိတ် 
ရေရွက်မိတာ 
ခွဲခွာရခြင်းဆိုတဲ့ အရာ 
နောင်ဘယ်ဝအထိ 
ဘယ်တော့မှ မလာပါစေနဲ့လို့လေ....