Saturday 16 June 2012

Internet ထဲကမေ

အမှတ်မရှိတဲ့ ငါ
အမှတ်တမဲ့ ရေရွတ်လိုက်တာ
`မေ`တဲ့လား...
ဖြတ်ခနဲ သတိရလို့
အတွေးအိမ်ထဲ ဝင်ကြည့်မိတော့
ထင်ကျန်ခဲ့တာ မေ ပုံရိပ်ပါလား.......

နှလုံးသား တံခါးချပ်ကို ဆွဲဖွင့်
ငါ့ ရင်ကိုခြေစုံကန်ပြီး
နာကျည်းစိတ်နဲ့ အားအင်သုံးကာ
ဆွဲထုတ်သော်လည်း
နောက်ဆုံး ကျရူံးခဲ့တာ
ငါ ပါလား.....

လူတွေက ပြောကြတယ်
Internet တဲ့ ရိုးရိုးလေးပါပဲ
တကယ်တော့ နှလုံးသားကို ထပ်ကြေးလောင်းပြီး
ယှဉ်ပြိုင်ရတဲ့ ကစားပွဲလေးတွေပါ...
အနိုင် အရူံးက
အားနွဲသူ ကျဆုံးရမယ်တဲ့
မင်းလက်မှာ
ငါ ကျဆုံးခဲ့ပါတယ် မေ
ကျေနပ်စွာဖြင့်ပေါ့.........

မြေခ မျက်ရည်

မှိုင်းညို ရီမှောင်
အနောက်တောင် ဘက်ဆီ
ငါ မျှော်ငေးရင်း
လွမ်းနေမိတယ်.......
လပြည့် လဝန်း
ညမှာထိုင်ပြီး
မင်း မျက်ဝန်းအလား
ငေးနေမိတယ်......
သစ်ရွက်လှုပ်သံ
လေတိုးလိုက်တိုင်း
မင်း ရယ်သံလား
နားစွင့်မိတယ်.........
လေပြေညှင်းအား
မင်းရနံထင်
နှလုံးသားထဲထိ
ရူရှိုက်မိတယ်.....
စိတ်၏ တံခါး
မျက်ဝန်းလေးမှာ
မျက်ရည်ဥလေး
တွဲခိုနေတယ်.......
သုတ်ပေးသူမဲ့
လွမ်းမျက်ရည်လေး
ပါးပြင်ထက်မှ
မြေသို့ ခပြီ.........

Friday 1 June 2012

ကြွေရုပ်လေး မောင့်ချစ်သူ

ချစ်သူ့ မျက်နှာ
ငွေလမင်း ပမာ
ပြုံးပန်းဆင်က
ပိုလှ၏...
ချစ်သူ ရယ်သံ 
ချိုလွင်ပြန်
ဆည်းလဲ သံလား
ထင်မှတ်မှား၏...
ချစ်သူ ကေသာ
နက်မှောင်ကာ
ဆံထုံးလေးလဲ
ရှိပြန်၏...
ချစ်သူ ရယ်မှ
သွားလေးက
ပုလဲ လုံးလား
ထင်မှတ်မှား၏...
မြန်မာ ဆန်ဆန်
သူယဉ်ပြန်
အသားလေးလဲ
ဖြူပြန်၏...
တစ်ကိုယ်လုံး အလှ
စုပေါင်းကြည့်မှ
ကြွေရုပ်လေးလား
ထင်မှတ်မှား၏...