Friday 1 June 2012

ကြွေရုပ်လေး မောင့်ချစ်သူ

ချစ်သူ့ မျက်နှာ
ငွေလမင်း ပမာ
ပြုံးပန်းဆင်က
ပိုလှ၏...
ချစ်သူ ရယ်သံ 
ချိုလွင်ပြန်
ဆည်းလဲ သံလား
ထင်မှတ်မှား၏...
ချစ်သူ ကေသာ
နက်မှောင်ကာ
ဆံထုံးလေးလဲ
ရှိပြန်၏...
ချစ်သူ ရယ်မှ
သွားလေးက
ပုလဲ လုံးလား
ထင်မှတ်မှား၏...
မြန်မာ ဆန်ဆန်
သူယဉ်ပြန်
အသားလေးလဲ
ဖြူပြန်၏...
တစ်ကိုယ်လုံး အလှ
စုပေါင်းကြည့်မှ
ကြွေရုပ်လေးလား
ထင်မှတ်မှား၏...

No comments: