Tuesday 15 May 2012

လူငယ်လေးတစ်ဦးပါ

ငါထင်ရင် ဒါအမှန်
အမှားဆိုတဲ့ ဒွိဟ မရှိ
အကြောက်တရား ဆိုတာ
အဝးဆုံးမှာ
လုပ်ချင်ရာ ဇွတ်လုပ်တက်တဲ့
ငါဟာ
လူငယ်လေးတစ်ဦးနော် ........

အချစ်ဆိုတာ ပူလောင်မှန်းသိ
နှလုံးသားရှိတော့လဲ
ဦးနှောက်နဲ့ ငါမဆုံးဖြတ်ပဲ
သံယောဇဉ် ဝဲဂယက်ထဲ
မျက်လုံးစုံ မှိတ်
နောက်ကြောင်းလှည့်မကြည့်ပဲ
ခုန်ချတက်တဲ့
ငါဟာ
လူငယ်လေးတစ်ဦးနော် ...........

ရတနာ သုံးပါ
ဦးထိပ်ထားလို့
မိဘ ဆရာ
ရိုသေကိုင်းရိုင်းကာ
ငါ ချစ်တဲ့ အနုပညာ
ကဗျာ စာပေနဲ့
သံသရာ အဆုံးထိ လျှောက်လှမ်းချင်တဲ့
လူငယ်လေးတစ်ဦးနော် .........

No comments: