အမှတ်တရ တစ်ခုက
မင်းရဲ့ ဘေးမှာနော်.......
ငါ မင်းကိုပေးခဲ့တဲ့
I Love You လို့အော်တဲ့ အရုပ်လေးလေ.......
အမှတ်တရ တစ်ခုက
မင်းရဲ့ စကားနော်......
သူငယ်ချင်းလိုပဲ
မင်းငါ့ကို ခင်မယ်တဲ့......
အမှတ်တရ တစ်ခုက
ငါ ရဲ့အိမ်မက်နော်.....
မျှော်လင့်ချက်နဲ့ အမြဲတမ်းမက်တဲ့
ငါ ရဲ့ အိမ်မက်လေးပေါ့......
အမှတ်တရ တစ်ခုက
မင်းငါ့ကို ပေးတဲ့စာလေးနော်........
မင်း အရမ်းချစ်တဲ့/ခင်တဲ့
ငါ့ကို မမေ့ဘူးဆိုတဲ့ စာလေးနော်......
အမှတ်တရ တစ်ခုက
ငါ့ ရဲ့ အသဲ မှာနော်......
နာကျင်တဲ့ ဒဏ်ရာ နဲ့
အမြဲတမ်းမှတ်မိမယ့် အမှတ်တရလေးပေါ့.......
ဒီလိုနဲ့
အမှတ်တရ များစွာကို
ငါ ထပ်ဖန်တွေးရင်း
အမှတ်တရ များထဲ
ငါ တစ်ယောက်
ယောင်ချာချာနဲ့ အမှတ်ရမိနေဆဲပါ......
1 comment:
အားပေးခဲ့တယ် ညီလေးရေ
လုပ်ပါကွာ ကဗျာလေးတွေ လှတယ်
ဆက်ရေးပါ အားပေးနေမယ်ညီရေ
Post a Comment