အချစ်ဆိုတာ ငါ စသိခဲ့တော့
စာလေး တစ်စောင်ကပေါ့ .....
ရင်ခုန်တက်စ အရွယ်
မချစ်ဖူးသေးတဲ့ အရွယ်
အချစ်ဦးဆိုတာကို
ငါ စတင်တွေ့ရှိခဲ့တယ် ......
ဆံပင် ရှည်ရှည်လေးနဲ့
မြန်မာ ဆန်ဆန် ယဉ်ယဉ်လေးပေါ့ ......
လမ်းအတူ လျှောက်ရင်းနဲ့
ခြေသံ နဲ့ ရင်ခုန်သံ ကို
ငါ ခွဲလို့မရခဲ့ဘူး ........
သူ့ အပြုံးအောက် ငါ နစ်မွန်းရင်း
သူ့ စကားရေစီးကြောင်းမှာ ငါ မျောပါသွားခဲ့တယ် .....
ကြည်နူးမူ့ဆိုတာထက်
ပြောပြလို့မရတဲ့ သာယာမူ့အပေါင်း
ငါ့ အနားမှာ ခညောင်းခဲ့တယ် ........
ကံတရားရဲ့ ရက်စက်မူ့လား
နှလုံးသားလမ်းရဲ့ ကျွန်းခံမူ့လား
ဝေခွဲလို့မရတဲ့ အမှောင်တိုက်တစ်ခု
ငါတို့ နှစ်ယောက်ကြားမှာ ခြားနားခဲ့တယ် .....
ငါ့ ရဲ့ စေတနာ က
မင်း အတွက် ဝေဒနာတွေဖြစ်ပေါ်စေခဲ့တာလား
ငါ့ ရဲ့ ခံယူချက်က
မင်း အတွက် အမှားတစ်ခု ဖြစ်စေခဲ့တာလား
ပြန်တွေးတိုင်း
အမှား အမှန် ဆိုတာ ဒွိဟ လိုဖြစ်နေခဲ့တယ် ........
မင်းဘဝ ပန်းတိုင်တစ်ဆစ်ချိုး
( ၁၀ ) တန်းစာမေးပွဲဖြေဖို့
ငါ မင်းအနားက တစ်ခဏလေး ထွက်ပေးခဲ့တယ်
ငါ ပြန်လာလို့ သိလိုက်ရတာ
မင်း ငါ့ အနားက တစ်ဘဝလုံး ထွက်သွားပြီဆိုတာလေ ......
ရှင်းပြလို့ မရတော့တဲ့ အခြေအနေတစ်ခုမှာ
အရာရာဟာ အကောင်းဆုံးလို့ ငါ တွေးပေးနေမိတယ် ......
ဒီစာကို မင်း မြင်ခဲ့မိမယ်ဆို
ဒီစာကို မင်း ဖတ်မိခဲ့ဆို
မင်း မယုံကြည်ဘူးဆိုရင်လဲ
ပုံပြင်လို့သာ မင်း မှတ်ယူလိုက်ပါ နွယ် .........
တစ်ချိန်က
ကို
No comments:
Post a Comment