Saturday 16 June 2012

Internet ထဲကမေ

အမှတ်မရှိတဲ့ ငါ
အမှတ်တမဲ့ ရေရွတ်လိုက်တာ
`မေ`တဲ့လား...
ဖြတ်ခနဲ သတိရလို့
အတွေးအိမ်ထဲ ဝင်ကြည့်မိတော့
ထင်ကျန်ခဲ့တာ မေ ပုံရိပ်ပါလား.......

နှလုံးသား တံခါးချပ်ကို ဆွဲဖွင့်
ငါ့ ရင်ကိုခြေစုံကန်ပြီး
နာကျည်းစိတ်နဲ့ အားအင်သုံးကာ
ဆွဲထုတ်သော်လည်း
နောက်ဆုံး ကျရူံးခဲ့တာ
ငါ ပါလား.....

လူတွေက ပြောကြတယ်
Internet တဲ့ ရိုးရိုးလေးပါပဲ
တကယ်တော့ နှလုံးသားကို ထပ်ကြေးလောင်းပြီး
ယှဉ်ပြိုင်ရတဲ့ ကစားပွဲလေးတွေပါ...
အနိုင် အရူံးက
အားနွဲသူ ကျဆုံးရမယ်တဲ့
မင်းလက်မှာ
ငါ ကျဆုံးခဲ့ပါတယ် မေ
ကျေနပ်စွာဖြင့်ပေါ့.........

No comments: