Sunday 1 July 2012

အချစ်ရဲ့ အဘိဓာန်ထဲ ငါကျရူံးခြင်း

တွေးမိလိုက်တယ်
အချစ်ရဲ့ နက်နဲမူ့ကိုပေါ့
ငါသိလိုက်တာက 
နောင်တနဲ့ အရူံးတွေပဲလေ....
အချစ်ကို လူတွေက
အမျိုးမျိုး သီဖွင့်ခဲ့ကြတယ်
အားလုံးကို စုပေါင်းပြီး
အဘိဓာန်လေးတစ်အုပ်
ငါ ပြုစုမယ်ဆို 
ငါသေတာတောင် ပြီးနိုင်ပါ့မလား..
ငါ သိလိုက်တဲ့
အချစ်ရဲ့ အဘိဓာန်လေးက
ပျော်ရွှင်မူ့ ဝမ်းနည်းမူ့လွမ်းဆွက်မူ့နဲ့
တမ်းတမူ့အရာရာအားလုံး 
ပျောက်ဆုံးကွယ်ပျောက်နေတဲ့
အဘိဓာန်လေးပေါ့...
ငါ ကိုယ်တိုင် ပြုစုတဲ့ 
ငါ့ရဲ့ အချစ်အဘိဓာန်လေးထဲမှာ
ငါ မသိလိုက်ပဲနဲ့
ငါ တစ်ယောက်ကျရူံးနေခဲ့ပီလေ.....


No comments: