Tuesday 10 July 2012

အိမ်မက်ထဲက နတ်သမီးငယ်

နှလုံးသားထဲက ပုံရိပ်ရှင်ရယ်
ငါ့ စိတ်ထဲ အမြဲတမ်းရှိလို့ 
အိမ်မက်တွေထဲ 
နင်ဝင်လာနေတာ 
ငါ ပျော်ရွှင်မိပါတယ်..
အိမ်မက် နဲ့ လက်တွေ့
ငါ နှိုင်းယှဉ်မိရင်
အရာရာဟာ အကွဲတစ်ပြားစီနဲ့
ဘာကြောင့်များ 
ထပ်တူမကျလဲလို့ ငါစဉ်းစားရင်း
တဖန်ပြန်ရု်အိပ်စက်မိတာ 
ရင်ခုန်စွာ နဲ့ မင်း လက်ကိုတွဲ
ချိုသာတဲ့စကားလေးထဲ ငါ လိုက်မျောရင်း
တိမ်တွေပေါ်လမ်းလျှောက်နေမိတာ
ငါမှဟုတ်ပါလေစ လို့ ငါတွေးရင်း
ဘေးနားက မင်းကိုကြည့်လို့
မင်းပြောတဲ့ စကားတိုးတိုးလေးပါ
``ချစ်တယ် ``တဲ့
အိမ်မက်ထဲက လန့်နိုးတာတောင်
ရင်ခုန်ဆဲပါ
အိမ်မက်ထဲက နတ်သမီးလေး ရယ် .....

No comments: