Saturday 16 June 2012

မြေခ မျက်ရည်

မှိုင်းညို ရီမှောင်
အနောက်တောင် ဘက်ဆီ
ငါ မျှော်ငေးရင်း
လွမ်းနေမိတယ်.......
လပြည့် လဝန်း
ညမှာထိုင်ပြီး
မင်း မျက်ဝန်းအလား
ငေးနေမိတယ်......
သစ်ရွက်လှုပ်သံ
လေတိုးလိုက်တိုင်း
မင်း ရယ်သံလား
နားစွင့်မိတယ်.........
လေပြေညှင်းအား
မင်းရနံထင်
နှလုံးသားထဲထိ
ရူရှိုက်မိတယ်.....
စိတ်၏ တံခါး
မျက်ဝန်းလေးမှာ
မျက်ရည်ဥလေး
တွဲခိုနေတယ်.......
သုတ်ပေးသူမဲ့
လွမ်းမျက်ရည်လေး
ပါးပြင်ထက်မှ
မြေသို့ ခပြီ.........

No comments: