Monday 27 August 2012

အမုန်းစူးတဲ့ နှလုံးသား

နှုတ်မဆက်ပါနဲ့ ချစ်သူ 
ရုတ်တရက် သာ မင်းထွက်သွားပါ 
အပြုံးတစ်ချက် နဲ့ ရက်စက်ခဲ့လို့
နှလုံးထက်ရဲ့ မျက်နှာပြင်မှာ
အမုန်းဆူးတွေ စူးဝင်နေပြီလေ.....

ဗလာဆိုတဲ့ ငါလိုကောင်မှာ
အထာဆိုတာလဲ မရှိခဲ့ဘူး
ကံတရားရဲ့ စေညွှန်းရာကိုသာ
လိုက်လံရု် ကပြခဲ့သူ
ပြန်လည် ဆန်းစစ်ကြည့်မှ
ပါးပြင်ထက်မှာ မျက်ရည်မြစ်နဲ့
အမုန်းဆူးတဲ့ နှလုံးသားငယ်တောင်
ချစ်သူသွားရာ သို့
ပါသွားခဲ့ပြီလေ.........

1 comment:

lovelylady93 said...

အမှားလုပ်မိရင် အမှန်ပြင်လိုက်
ဝမ်းနည်းပြီဆိုရင် ငိုပစ်လိုက်
မောပန်းပြီဆိုရင် ခဏအနားယူလိုက်
မျှော်လင့်ချက်မဲ့ပြီဆိုရင် စိတ်ကို ခဏအငြိမ်ထားလိုက်