Wednesday 29 August 2012

အလွမ်း

ရင်နင့်အောင် ခံစားရသည်
ချစ်သူရဲ့ အဝေးမှာ
အနာဂတ်အတွက်ခြေစုံပစ်လို့
ကျွန်ဘဝနဲ့ ငါနေရသည်..
ဟန်ဆောင်မျက်လုံး
အပြုံး မျက်နှာဖုံးကို
အလွမ်းမျက်နှာပေါ်မှာ ငါတပ်ဆင်ထားတယ်..
လှမ်းကြည့်လို့ ပြုံးနေတယ်ထင်ရင်
ရင်ထဲထိတိုင် မင်းဝင်ကြည့်ပါ
အလွမ်းဒဏ်က နှိပ်စက်လို့
ငါ ကိုယ်တိုင်လဲ နွမ်းလျှနေပြီ...
မျက်လုံးမှိတ်လို့ 
ငါအိပ်စက်တိုင်း မင်းနဲ့ဆုံဆည်းရရင်
မနိုးသော အိပ်ခြင်းနဲ့ ငါအိပ်စက်လိုက်မယ်..
အချစ်သခင်
အလွမ်းဖြေဆေးပေးသနားပါ
အလွမ်းထဲမှာ ငါတစ်ယောက်
နစ်မွန်းလို့ 
ခေါင်းငိုက်စိုက်လဲ ကျနေပြီ...

No comments: