Monday 24 September 2012

သို့

ကောင်မလေးရေ
ထီးနန်းနဲ့ မစံမြန်းလို့
ဘယ်သူမှ ဦးမခိုက်လဲ
ငါ မင်းရှေ့မှာဒူးထောက်လို့
မော်ဖူးခွင့်တော့ ပေးသနားပါ...
ထားရာနေ စေရာသွား
ငါ့ဘဝက စစ်သည်လေးမို့
အာဏာ သုံးပြီး 
အဝေးသို့မနှင်လိုက်ပါနဲ့
ငါက ကျရူံးဖူးတဲ့ စစ်သည်လေးပါ....
အချစ်အတွက်နဲ့ အသက်ပါစတေးရဲလို့
မင်းအနားက တစ်ဖဝါးမှမခွာတဲ့
ကိုယ်ရံတော်လေးအဖြစ်
အသက်သွင်းပေးပါနော်....

No comments: