Friday, 7 September 2012

ဝိဥာည်ခြွေတဲ့ အနမ်း

ကောင်မလေးရေ...
ပန်းလေးတစ်ပွင့် ငါ နမ်းရိုက်မိတယ်
သင်းပျံ့တဲ့ မွေးရနံ နဲ့တူ
ရင်ထဲထိတိုင် အေးချမ်းခဲ့မယ်..

ကောင်မလေးရေ...
ဆူးများတဲ့ ပန်းနှင်းဆီကို
ခူးဆွက်ရု် ငါ နမ်းရိုက်မိတယ်
မာနခဲလေး ပန်းနှင်းဆီက
အနမ်းအတွက်
ဆူးဒဏ်လေး ခက်လိုက်တယ်..

ကောင်မလေးရေ...
အချစ်တစ်ခု ငါဖန်ဆင်းခဲ့တယ်
ဆွဲယူပြီး ငါ နမ်းရိုက်မိတော့
ငါ့ ဝိဥာည် လေး လွင့်ကြွေသွားတယ်..
နှလုံးသားကို ငါမေးကြည့်တော့
အချစ်ကို နမ်းရိုက်မိရင်
ဝိဥာည် ပါ လွင့်ကြွေတက်တယ်တဲ့..
 
ကောင်မလေးရေ...
ငါမသိခဲ့လိုက်ပါဘူး......
အချစ်မှာ...
ဝိဥာည်ခြွေတဲ့ အနမ်းတစ်ပွင့်
ရှိခဲ့မှန်းကိုပေါ့.....

Wednesday, 29 August 2012

အလွမ်း

ရင်နင့်အောင် ခံစားရသည်
ချစ်သူရဲ့ အဝေးမှာ
အနာဂတ်အတွက်ခြေစုံပစ်လို့
ကျွန်ဘဝနဲ့ ငါနေရသည်..
ဟန်ဆောင်မျက်လုံး
အပြုံး မျက်နှာဖုံးကို
အလွမ်းမျက်နှာပေါ်မှာ ငါတပ်ဆင်ထားတယ်..
လှမ်းကြည့်လို့ ပြုံးနေတယ်ထင်ရင်
ရင်ထဲထိတိုင် မင်းဝင်ကြည့်ပါ
အလွမ်းဒဏ်က နှိပ်စက်လို့
ငါ ကိုယ်တိုင်လဲ နွမ်းလျှနေပြီ...
မျက်လုံးမှိတ်လို့ 
ငါအိပ်စက်တိုင်း မင်းနဲ့ဆုံဆည်းရရင်
မနိုးသော အိပ်ခြင်းနဲ့ ငါအိပ်စက်လိုက်မယ်..
အချစ်သခင်
အလွမ်းဖြေဆေးပေးသနားပါ
အလွမ်းထဲမှာ ငါတစ်ယောက်
နစ်မွန်းလို့ 
ခေါင်းငိုက်စိုက်လဲ ကျနေပြီ...

နှလုံးသားအကွဲလေး

အိမ်မက်တွေ ကွယ်ပျောက်လို့
မျှော်လင့်ချက်တွေ ဆိတ်သုဉ်းသွားခဲ့ရင်တောင်
ချစ်သောသူ အပြုံး 
တစ်သက်လုံး သိမ်းခွင့်ပြုပါ ...
ရရှိခဲ့သော ချစ်သူအနမ်း 
ပြန်လည်ရု် တဖန်တွေးတိုင်း
ပါးပြင်တဝှိက်
နွေးထွေးဆဲပါ....
ဆုပ်ကိုင်ဖူးသော ချစ်သူလက်လေး
နူးညံ့မူ့တွေနဲ့
ချစ်သူမရှိတော့ ကိုယ့် လက်လေး 
ယောင်ချာချာနဲ့ 
လက်လွှဲရမှာတောင် ရှက်ရွံ့နေမိတယ်..
ငါ့ နှလုံးသား မမာကျောပါဘူး
မင်း တိုက်လို့ ကျကွဲသွားပြီလေ..
နှလုံးသားအကွဲလေး
မင်း ကောက်ယူပြီး ဆက်ကြည့်ပါ
နှလုံးသားပေါ်က မင်းပုံရိပ်လဲ
အပိုင်း ပိုင်းလေးဖြစ်နေမှာပါ......