Wednesday, 3 October 2012

လပျောက်တဲ့ ကြယ်

နင်မရှိတဲ့ ငါ့ဘဝက
မှောင်မဲစွာ ထွန်းလင်းနေတဲ့
တိတ်ဆိတ်တဲ့ ညအလယ်က
လပျောက်တဲ့ ကြယ်လေးလိုပဲ
အရာရာဟာ ဗလာနတိ
အဖော်အရံတွေ ကင်းမဲ့လို့
ပျော်ရွှင်မူ့တွေ ပျောက်သုဉ်းပြီး
နတ်ဆိုးတစ်ပါး ဝင်ကနေသလို
ကတုန်ကယင် နဲ့
စိတ်ဓာတ်တွေပါ ယိုင်လဲနေပြီ..
အလင်းရောင် မှိန်မှိန်သာထွန်းလင်းပေးပါ 
ငါ ခစားချင်တာ နင့်အပါးက 
ကြယ်လေးအဖြစ်နဲ့ပါ
ချစ်ခြင်းအလင်းနဲ့ မထွန်းလင်းပါနဲ့
သနားတဲ့ အကြည့်လေးနဲ့
တစ်ချက်လောက်ပဲ 
လည်ပြန်ကြည့်ပေးပါ 
လပျောက်တဲ့ ကြယ်လေး
ငါ့အပေါ်ကိုပေါ့..

Monday, 24 September 2012

သို့

ကောင်မလေးရေ
ထီးနန်းနဲ့ မစံမြန်းလို့
ဘယ်သူမှ ဦးမခိုက်လဲ
ငါ မင်းရှေ့မှာဒူးထောက်လို့
မော်ဖူးခွင့်တော့ ပေးသနားပါ...
ထားရာနေ စေရာသွား
ငါ့ဘဝက စစ်သည်လေးမို့
အာဏာ သုံးပြီး 
အဝေးသို့မနှင်လိုက်ပါနဲ့
ငါက ကျရူံးဖူးတဲ့ စစ်သည်လေးပါ....
အချစ်အတွက်နဲ့ အသက်ပါစတေးရဲလို့
မင်းအနားက တစ်ဖဝါးမှမခွာတဲ့
ကိုယ်ရံတော်လေးအဖြစ်
အသက်သွင်းပေးပါနော်....

ကြယ်လေး ငါ ဖြစ်ချင်တယ်

ကြယ်တစ်စင်း နေမင်းရဲ့ အလင်းရောင်
မှောင်မိုက်သော ညအလယ်
လမင်းက မသာလဲ
ကြယ်အလင်းနဲ့သာ လမ်းလျှောက်ချင်သူ...
မာနမပါတဲ့ ပန်းချီကားကို
ကြယ်ထောင့်လေးနဲ့ ငါရေးဆွဲမယ် 
ရိုက်သံကင်းတဲ့ အိမ်လေးတစ်လုံး
ငါ ဖန်ဆင်းမယ်
ပျံ့ကြဲနေတဲ့ ကြယ်တွေစုပြီး 
မျက်နှာကျက်မှာ ငါဖြည့်ဆွက်မယ်....
 အစွန်းအထင်းမခံတဲ့ အဖြူရောင်လို
သံသယမရှိတဲ့ မျက်ဝန်းနဲ့သာ
ကြည့်ပါချစ်သူ
မင်းအတွက်ဆို မှောင်မိုက်တဲ့ညအလယ်က
 တောက်ပတဲ့ ကြယ်လေးတစ်ပွင့်ပဲ
ငါဖြစ်ချင်တယ် ..