Sunday, 1 July 2012

အချစ်ရဲ့ အဘိဓာန်ထဲ ငါကျရူံးခြင်း

တွေးမိလိုက်တယ်
အချစ်ရဲ့ နက်နဲမူ့ကိုပေါ့
ငါသိလိုက်တာက 
နောင်တနဲ့ အရူံးတွေပဲလေ....
အချစ်ကို လူတွေက
အမျိုးမျိုး သီဖွင့်ခဲ့ကြတယ်
အားလုံးကို စုပေါင်းပြီး
အဘိဓာန်လေးတစ်အုပ်
ငါ ပြုစုမယ်ဆို 
ငါသေတာတောင် ပြီးနိုင်ပါ့မလား..
ငါ သိလိုက်တဲ့
အချစ်ရဲ့ အဘိဓာန်လေးက
ပျော်ရွှင်မူ့ ဝမ်းနည်းမူ့လွမ်းဆွက်မူ့နဲ့
တမ်းတမူ့အရာရာအားလုံး 
ပျောက်ဆုံးကွယ်ပျောက်နေတဲ့
အဘိဓာန်လေးပေါ့...
ငါ ကိုယ်တိုင် ပြုစုတဲ့ 
ငါ့ရဲ့ အချစ်အဘိဓာန်လေးထဲမှာ
ငါ မသိလိုက်ပဲနဲ့
ငါ တစ်ယောက်ကျရူံးနေခဲ့ပီလေ.....


Saturday, 16 June 2012

Internet ထဲကမေ

အမှတ်မရှိတဲ့ ငါ
အမှတ်တမဲ့ ရေရွတ်လိုက်တာ
`မေ`တဲ့လား...
ဖြတ်ခနဲ သတိရလို့
အတွေးအိမ်ထဲ ဝင်ကြည့်မိတော့
ထင်ကျန်ခဲ့တာ မေ ပုံရိပ်ပါလား.......

နှလုံးသား တံခါးချပ်ကို ဆွဲဖွင့်
ငါ့ ရင်ကိုခြေစုံကန်ပြီး
နာကျည်းစိတ်နဲ့ အားအင်သုံးကာ
ဆွဲထုတ်သော်လည်း
နောက်ဆုံး ကျရူံးခဲ့တာ
ငါ ပါလား.....

လူတွေက ပြောကြတယ်
Internet တဲ့ ရိုးရိုးလေးပါပဲ
တကယ်တော့ နှလုံးသားကို ထပ်ကြေးလောင်းပြီး
ယှဉ်ပြိုင်ရတဲ့ ကစားပွဲလေးတွေပါ...
အနိုင် အရူံးက
အားနွဲသူ ကျဆုံးရမယ်တဲ့
မင်းလက်မှာ
ငါ ကျဆုံးခဲ့ပါတယ် မေ
ကျေနပ်စွာဖြင့်ပေါ့.........

မြေခ မျက်ရည်

မှိုင်းညို ရီမှောင်
အနောက်တောင် ဘက်ဆီ
ငါ မျှော်ငေးရင်း
လွမ်းနေမိတယ်.......
လပြည့် လဝန်း
ညမှာထိုင်ပြီး
မင်း မျက်ဝန်းအလား
ငေးနေမိတယ်......
သစ်ရွက်လှုပ်သံ
လေတိုးလိုက်တိုင်း
မင်း ရယ်သံလား
နားစွင့်မိတယ်.........
လေပြေညှင်းအား
မင်းရနံထင်
နှလုံးသားထဲထိ
ရူရှိုက်မိတယ်.....
စိတ်၏ တံခါး
မျက်ဝန်းလေးမှာ
မျက်ရည်ဥလေး
တွဲခိုနေတယ်.......
သုတ်ပေးသူမဲ့
လွမ်းမျက်ရည်လေး
ပါးပြင်ထက်မှ
မြေသို့ ခပြီ.........